bnr_tob_1

2020.03.18TRAVEL

ပုဂံသွားရင် မဖြစ်မနေ သွားရောက်ဖူးမျှော်သင့်တဲ့ ဘုရားများ

မြန်မာမှန်ရင် ပုဂံကို တစ်ခေါက်တော့ ရောက်ဖူးသင့်ပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းလည်း ၀င်ပြီးပြီဆိုတော့ နိုင်ငံခြား ဘုရားဖူးသူ‌တွေလည်း များလို့နေပါတယ်။

ပုဂံရဲ့ အလှဆုံးအချိန်ဟာ ဘယ်အချိန် ဘယ်ရာသီဉတုလဲလို့ မေးရင် ဖြေရခက်ပါတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီဥတု သုံးမျိုးမှာ ပုဂံရဲ့ အလှဟာ ဘယ်ရာသီဥတုနဲ့မဆို အမြဲလှနေတာပါ။ ပုဂံဟာ မြန်မာပြည်ရဲ့ အသည်းနှလုံးလို့ ခေါ်ဆိုရင်လည်း မမှားပါဘူး။

အခုအချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တစ်ခုဖြစ်တဲ့ WHO က Covid 19 ရောဂါနဲ့ ပတ်သက်ပြီး အရေးပေါ်အခြေအနေ သတ်မှတ်ထားတာကြောင့် ခရီးသွားဧည့်သည် နည်း‌ပါးပါတယ်။ မြန်မာပြည်သူ‌တွေအနေနဲ့လည်း ပြည်ပခရီးတွေ မသွားခင် မြန်မာပြည်ရဲ့ ကြီးမြတ်တဲ့ သမိုင်းကြောင်းများရှိရာ ပုဂံကို သွားရောက်သင့်ပါတယ်။ ပုဂံမှာ ရောဂါနဲ့ပတ်သက်ပြီးလည်း ပညာပေးဆိုင်းဘုတ်လေးတွေလည်း ထားရှိထားပါတယ်။ ဒီအချိန်ကလည်း ပုဂံမှာ တစ်မျိုးလှသလို အညာရဲ့ အလှဆုံးအချိန်လည်း ဖြစ်တာမို့ လူရှင်းတာကြောင့် ပုဂံဘုရားများကို အေးအေးဆေးဆေး ဖူးလို့ရပါတယ်။

ပုဂံကိုရောက်ရင် အဓိက ဦးစားပေးသင့်တဲ့ ဘုရားများကို ဖော်ပြပေးလိုက်ရပါတယ်။

အာနန္ဒာဘုရား

အနုပညာလက်ရာတွေမှာ နာမည်ကြီးတဲ့ ဘုရားတစ်ဆူပါ။ အနုပညာလက်ရာတွေနဲ့ ဗိသုကာတွေကို လေ့လာသူတွေ သွားသင့်တဲ့ တန်ခိုးကြီး ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။ ဘုရားထုထည်၊ နံရံဆေးရေးပန်ချီ၊ ရုပ်ပုံ၊ တံခါးတွေက အစ အနုပညာလက်ရာ‌မှာ အမြောက်ဆုံးဖြစ်လို့ အနန္ဒာဆိုပြီး နာမည်ကြီးပါတယ်။

ရွှေစည်းခုံ

ရွှေစည်းခုံ မရောက်ခဲ့ရင် ပုဂံ မရောက်တာနဲ့ အတူတူပါပဲ။ ပုဂံသွားရင် ရွှေစည်းခုံကတော့ မ‌ရောက်မဖြစ် ဖူးမျှော်သင့်ပါတယ်။ အလှမှာ ရွှေစည်းခုံလို့ နာမည်ကြီးပြီး ဘုရားစောင်းတန်းကြီးရဲ့အလှတွေ ဘုရားကြီးရဲ့ သပ္ပါယ်ပုံတွေ ဈေးဆိုင်တန်းတွေနဲ့ ဘုရားအကြောင်းရှင်းပြတဲ့ ကလေးတွေကအစ ရင်ထဲမှာ အေးချမ်းလှပါတယ်။ သမိုင်းရှိခဲ့တဲ့ မြင်းခြေရာ၊ လှံရာတွေ၊ စိန်ဖူးတော်ကြည့်တဲ့ ရေအိုင်ငယ်တွေနဲ့ စေတီကြီးရဲ့ သပ္ပါယ်မှုတွေကြောင့် အလှမှာ ရွှေစည်းခုံဆိုပြီး နာမည်ကြီးပါတယ်။

သဗ္ဗညုဘုရား

ဉာဏ်တော်မှာ သဗ္ဗညုလို့ နာမည်ကြီးတဲ့ သဗ္ဗညု ဘုရားတစ်ဆူဖြစ်ပါတယ်။ ဉာဏ်‌တော်မှာ ပေ ၂၀၀ကျော်ရှိတာကြောင့် ကျန်ဘုရားများထက်ပင် ပိုမြင့်ပြီး အမြင့်ဆုံးဖြစ်တာကြောင့် ဉာဏ်တော်မှာ သဗ္ဗညုဘုရားလို့ နာမည်‌ကြီး‌နေတာဖြစ်ပါတယ်။

ဗူးဘုရား

ဆည်းဆာနေ၀င်ချိန်မှာ အသွားသင့်ဆုံး ဘုရားကတော့ လောကနန္ဒာဘုရားရယ်၊ ဗူးဘုရားရယ် ဖြစ်ပါတယ်။ ခရီးအကွာအဝေးကတော့ နည်းနည်းဝေးပြီး ဘုရားနှစ်ဆူလုံးဟာ ဧရာ၀တီ မြစ်စပ်မှာ တည်ထားတာဖြစ်ပါတယ်။ ဗူးဘုရားရဲ့ သပ္ပါယ်မှုနဲ့ နေ၀င်ချိန်ရဲ့ အလှကို မြင်ရမှာဖြစ်ပါတယ်။ ညနေစောင်းမှာ လူ အစည်ဆုံးဖြစ်ပြီး ဘုရားဖူးသူတွေ၊ ဈေးသည်တွေ၊ နေ၀င်ချိန်ကြည့်တဲ့ သူတွေနဲ့ ပြည့်လို့နေပါတယ်။

ထီးလိုမင်းလိုဘုရား

ထီလိုမင်းလိုဘုရားဟာ ဂူဘုရားဖြစ်ပြီး အတွင်းမှာ လျှောက်လမ်းတွေနဲ့ ဖူးမျှော်ရတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ ထီးလိုမင်းလို ဘုရားအခြေမှာ လက်ဆောင်ပစ္စည်း၀ယ်လိုသူတွေအတွက် အကြိုက်တွေ့မှာဖြစ်ပြီး လက်ဆောင်ပစ္စည်းဆိုင်များစွာရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ထီလိုမင်းလိုဘုရားဟာလည်း ရောက်ရင် သွားရောက်ဖူးမျှော်သင့်တဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။

ဓမ္မရံကြီးဘုရား

ထုမှာ ဓမ္မရံဆိုတဲ့အတိုင်း ပုံမှန် ဘုရားများထက် ထုထည်ပိုကြီးတဲ့ ဘုရားတစ်ဆူပါ။ ထုထည်ကြီးမားမှု၊ လက်ရာမြောက်မှုတွေကြောင့် ဘုရားကြီးမှာ ထည်ဝါလှပါတယ်။ ထုထည်မှာ ကျန်ဘုရားများထက် သိသိသာသာ ပိုကြီးမားပြီး ထုထည်နဲ့ကို ခန့်ထည်နေတာဖြစ်ပါတယ်။

အလိုတော်ပြည့်ဘုရား

အလိုတော်ပြည့်ဘုရားသည် ကျန်စစ်သားမင်း ကိုးကွယ်ခဲ့သော ဘုရားတစ်ဆူ ဖြစ်ပါတယ်။ ကျန်စစ်သားမင်း မင်းမဖြစ်ခင်က သစ္စာပြုတာ အောင်မြင်ခဲ့လို့ အ‌လိုတော်ပြည့်ဘုရားလို့ ခေါ်တွင်စေတယ်လို့ သိပါရတယ်။ ဆုတောင်းချင်သူတွေ လာရောက်ကြတဲ့ ဘုရားတစ်ဆူဖြစ်ပြီး ဆုတောင်းတွေပြည့်တဲ့ အလိုတော်ပြည့်ဘုရားတစ်ဆူဖြစ်ပါတယ်။

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img