bnr_tob_1

2020.06.16LIFE&TREND

ရန်ကုန်မြို့မှ သားသားမီးမီးတို့အတွက်Baby Spa များ

ကျန်းမာရေးအသိပညာတွေနဲ့ စောင့်ရှောင့်မှုတွေ တိုးမြှင့်လာတဲ့ ယနေ့ခေတ်မှာ မိဘတိုင်းက သားသမီးများအတွက် အမှန်ကန်ဆုံးသော အကောင်းဆုံးသော နည်းမှန်လမ်းမှန်များနဲ့သာ ပြုစုစောင့်ရှောက်လိုကြပါတယ်။

ဒါကြောင့် Mommy ချယ်ရီကသားသားမီးမီးတို့အတွက် ရန်ကုန်မြို့မှ Baby Spa များ ကို မီးမီး Clover အတွက် ရှာဖွေစုစည်းရင်း ပြောပြပေးထားပါတယ်။

မင်္ဂလာပါ မေမေတို့ရေ

ခုတစ်ခါ ညွှန်းပေးချင်တာလေးကတော့ Baby Swimming&Oil Massage လေးတွေရမယ့် Baby Spa လေးတွေ ကို ဖော်ပြရင်း ဒီနေရာလေးတွေကက ရနိုင်တဲ့ Service လေး နဲ့ Link လေးတွေရောကိုပါ Benefitလေးတွေနဲ့ တွဲဖက် ဖော်ပြ ပေးသွားပါမယ်နော်

ပထမဆုံး…. ၆မိုင်ခွဲက

#Charis_Mom&Baby_Wellnessပါ ရှင်

သူကတော့ baby လေးတွေပါလုပ်ပေးရင်း မေမေတွေပါ ဇိမ်ခံစောင့်နေလို့ရပါတယ် ။ ဖေဖေတွေကတော့ ထိုင် စောင့်ပေါ့။ကလေးကိုင်ရာမှာ ကျွမ်းကျင် နူးညံ့တဲ့အတွက် နာမည်ရတဲ့ spa လေးပါရှင်

Services

သူ့မှာ ဆိုရင်…Baby လေးတွေအတွက် ဆို

Baby Spa & Oil Massage

Baby Hair Cut Service

မေမေတွေ အတွက် ဆိုရင်…

Prenatal(ကိုယ်ဝန်ဆောင် အနှိပ်ကုထုံး) & Postnatal (မီးဖွားပြိး နို့တိုက်မိခင် အတွက် အနှိပ်ကုထုံး) Massage Therapy ….ဆိုပြီး ရှိပါတယ်ရှင် ။

Address: No.24 .Level-1.6.5 miles Market Place. Hlaing Township. Yangon.

09-7777 00 307

https://www.facebook.com/CharisMomBabyWellness/

ဒုတိယ တစ်ခုက…ကြည်မြင်တိုင် က

We Care Nursery Centre ပါ

သူကျတော့ မေမေတွေအတွက် service မရှိပေမယ့် ထူးခြားတာလေးက ကျွမ်းကျင်တဲ့ သူနာပြု ဆရာမများဦးစီးဖွင့်တဲ့  Nursery Centre လေးနဲ့ Baby Spa တွဲ ဖွင့် ထားတာပါရှင်

Services အနေနဲ့ကတော့

Baby Spa & Oil Massage

 Baby Nursery Centre(6mth to 3yrs)

Play Date

အဲ့က Nursery centre  လေးကို Clover အတွက် တစ်ခါ စုံစမ်းဖူးတာ စျေးလဲ သင့်တင့်ပီး အချိန်လဲ adjust လုပ်ပေးလို့ အဆင်ပြေပါတယ် ။ ခုက spa နဲ့ ပတ်သတ်တာလေး ပြောတာဆိုတော့ နောက်တခေါက်ကျရင် Nursery Centre လေးအကြောင်း မျှဝေပေးပါမယ်နော် ။

Address:အမှတ် ၇၈၊ မြေညီထပ်၊ အုန်းပင်လမ်း (အထက်)၊ ကြည်မြင်တိုင် မြို့နယ် ။

(ကြည်မြင်တိုင် ဘူတာ နှင့် ညစျေး အနီး)

09-764 75 75 64, 09- 964 75 75 64

https://www.facebook.com/WeCareNurseryCentre/

တတိယ တခုကတော့…ချော်တွင်းကုန်းနားက 

Babies’ Barber Spa

သူကတော့ လုံးဝ Baby လေးတွေ နဲ့ မေမေ အတွက် Luxury Service အစုံ ရတဲ့ နေရာလို့တော့ ပြောရမယ်ထင်တယ်။ ရနိုင်တဲ့ Services လေးတွေကလဲ ဟိုးပိစိလေးကနေ ကလေးကြီးလေးတွေ အထိ ရတယ်. အလှကြိုက်တဲ့ မီးမီးလေးတွေနဲ့ တကယ့် အကိုက်ပါပဲ .

Services အနေနဲ့ကတော့

Kids Choco Spa in Jacuzzi

Baby Spa(swimming+oil massage)+Hair cut

Kids Body Spa(scrub/oil massage exfoliate /mask)

Pre-cleanser/Scalp Detox/Shampoo/Massage

Shampoo+Facial Cleansing

Body Spa(scrub/oil massage/sauna/mask)

Ice Therapy Hair Treatment

Botox All in One Hair Treatment

Waxing(Half leg+Underarm )(Brazilian)

Manicure+Pedicure (with Cool Spa Treatment )

Hand paraffin wax+Manicure

Foot paraffin wax+Pedicure

Address: အမှတ်၃၀၊မြစံပယ်လမ်း၊ပါရမီချော်တွင်းကုန်း၊မရမ်းကုန်းမြို့နယ်။

Ph: 09765342588 , 09783943644 , 0943182028

https://www.facebook.com/babiesbarbers/

Baby Spa သွားမယ်ဆို ဘာလေးတွေ ပြင်ဆင်သွားရမလဲ?

– ရေကူးပြီး ရေသုတ်မို့ ဘေဘီလေး ရဲ့ တဘက် ၊ အကျီ ။

– ဒိုက်ဘာ ၊ ဒိုက်ဘာ ခရင်မ် ။

– တချို့ ဘေဘီလေးတွေက ကိုယ်သွားတဲ့ဆီက နှိပ်တဲ့ အဆီနဲ့ တည့်နိုင်ပေမယ့် အချို့ကျ မတည့်တာမျ်ုး ရှိတဲ့အတွက် အရင် Spa ကို ဖုန်းဆက် ပြီး အမျိုးအစား အရင်မေးကြည့်နော် မတည့်ရင် နှိပ်နေကျ အဆီလေး ယူသွားပေးလို့ရအောင်ပါရှင် ။

– သုံးနေကျ Lotion.

– ဘေဘီလေးတွေက ရေချိူး ပြီး ဗိုက်ဆာတက်တဲ့အတွက် နို့ဗူး ၊ စားနေကျ မုန့်တခုခု လဲ ယူသွားကြမို့ မမေ့နဲ့ အုံးနော်.

Benefits for Swimming တွေက

Hydrotheraphy or Water Therapy

ကလေးငယ်လေးတွေကို ရေကူးဂွင်းလေး လည်ပင်းမှာ စွပ်ပြီး ရေထဲ ချပေးထားတဲ့အတွက် သူတို့ ရဲ့ လက်အားလေးတွေ သုံးပြီး ကူးခက်ရတာမို့ ရေလှိုင်းရဲ့ အထိအတွေကို ပထမ အချက်နေနဲ့ ခံစားမိစေပြီး wave pressure ကရင်ဘတ်လေးကို  ရိုက်ခက်စေတဲ့အတွက် အဆုတ်အားလဲကောင်းစေပါတယ် ၊ သွေးလည်ပတ်မှုလဲ ကောင်းစေပါတယ်ရှင်။ လက်လေး ခြေလေးတွေ ခက်ပီး ကူးနေရတဲ့အတွက် ခြေလက်လေးတွေလဲ ပိုသန်မာလာစေနိုင်ပါတယ် ။ Finland နိူင်ငံ ရဲ့ Research အရဆို အဲ့လို Swimming လုပ်ပေးတဲ့ ကလေးတွေက မလုပ်တဲ့ ကလေးတွေထက် ပိုပြီး လမ်းလျောက်တာ မြန်တာမျိုး လဲ တွေ့ရပါတယ်တဲ့.။ အဲ့လိုမျိုး ဆိုင်မသွားအားရင်တောင် တပတ် တခါ လောက် အိမ်မှာရှိတဲ့ လေထိုး ရေကန်လေးဖြစ်ဖြစ် ဇလုံလေးပဲ ဖြစ်ဖြစ် ကူးခတ်ခိုင်းမယ်ဆိုရင်တောင် သူတို့ လေးတွေ အလွန်ပျော်မှာပါ။ ထူးခြားတာလေးက အစားစာချင်စိတ်လေးတွေ ပိုဖြစ်လာမယ် ၊ အိပ်စက်ချိန်မှာလဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စေတာလေးတွေ တွေ့ရမှာပါရှင် ။ Motor Skill. Social Skill. Cognitive Skill လေးတွေလဲ တိုးတက်လာကြောင်း ကို ဂျာမနီကလဲ လေ့လာမှုအရ တွေ့ရှိရပါသေးတယ်ရှင် ။

Benefits for Baby Massage တွေကတော့

နုနယ်တဲ့ ခန္ဓာကိုယ်လေးကို ကျွမ်းကျင်သူတွေနဲ့ နှိပ်နယ်ပေးတာ ပိုအဆင်ပြေပါတယ်လို့ အကြံပြုပါရစေ ရှင် ။ သူရဲ့ အကျိုးကျေးဇူးတွေကလဲ တကယ် အံ့မခန်းပါပဲနော်

ခန္ဓာကိုယ် အလေးချိန်လဲ တိုးတက်လာနိုင်ပါတယ် ။ baby massage က ကလေးငယ်ကို relax ဖြစ်စေတဲ့အတွက် အငိုလျော့နည်းပြီး ကောင်းမွန်စွာ အိပ်စက်စေခြင်း ပြီး အိပ်နေချိန်မှာ အလန့်တကြား ပြန်နိုးစေမှုကို လျော့နည်းစေပါတယ် ။ ပုံမှန်လုပ်ပေးခြင်းဖြင့်လဲ Oxytocin ဟိုမှုန်းထုတ်လုပ်ခြင်းတွေကို နှိုးဆွပေးသလို ဖြစ်တဲ့အတွက် မေမေ နဲ့ ကလေးငယ်ကြား ပျော်ရွှင်မှုတွေ ချစ်ခြင်းတွေလဲ တိုးလာစေမှာ ဖြစ်ပါတယ်ရှင် ။

#LittleClover #MommyCherry

By : Little Clover

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img