fb_icon

bnr_tob_1

2020.01.07FEATURE

ရန်ကုန်တိုင်း၏ စာရင်းစစ်ချုပ်အစီရင်ခံစာ လွှတ်တော်တွင် မထုတ်ပြန်လျှင် သမ္မတထံတိုင်ကြားမည်

ထုတ်ပြန်ခြင်းမရှိသည့် စာရင်းစစ်ချုပ်အစီရင်ခံစာတွင် အစိုးရနှင့် နီးစပ်သူများ အကျိုးရှိမည့် ကိစ္စရပ်များ ပေါ်ပေါက်နေမည်ဟု ယုံကြည်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ဆို


မိုးမင်း

ထုတ်ပြန်ခြင်းမရှိသည့် ၂၀၁၇-၁၈ စာရင်းစစ်ချုပ်၏ စစ် ဆေးတွေ့ရှိချက် အစီရင်ခံစာ တွင် အစိုးရနှင့် နီးစပ်သူများ အ ကျိုးရှိမည့် ကိစ္စရပ်များ ပေါ်ပေါက်နေမည်ဟု ယုံကြည်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည် ထောင်သူ ဒေါက်တာညိုညိုသင်း က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး စာ ရင်းစစ်ချုပ်သည် ယမန်နှစ် ဇူလိုင် က တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်ဥက္ကဋ္ဌထံ အဆိုပါ အစီ ရင်ခံစာကို ပေးပို့ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် အများ ပြည်သူသိရှိအောင် ထုတ်ပြန်ပေး ခြင်းမရှိသည့် ကိစ္စရပ်နှင့် ပတ် သက်၍ ဇန်နဝါရီ ၆ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲ၌ ၎င်းက သုံးသပ်ပြောသည်။
၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ် အတွက် ရန်ကုန်တိုင်းဒေသ ကြီး စာရင်းစစ်ချုပ်၏ စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို လွှတ် တော်ကိုယ်စားလှယ်များနှင့် အ များပြည်သူသိရှိအောင် ထုတ်ပြန် ပေးရန် တာဝန်ရှိသော်လည်း ရာထူးအာဏာအလွဲသုံးစားလုပ် ၍ ထိမ်ချန်ထားခြင်းသည် နိုင်ငံသားများ၏ အခွင့်အရေးကို ဆုံးရှုံး စေသည်ဟု ဒေါက်တာညိုညိုသင်း ကဆိုသည်။
ထိုသို့ ထုတ်ပြန်ခြင်းမပြုဘဲ ထိမ်ချန်ထားခြင်းကြောင့် ယင်း အစီရင်ခံစာထဲတွင် အများမသိ စေလိုသည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ ပါဝင်နေ ခြင်းကြောင့်ဟု ခန့်မှန်းရကြောင်း လည်း ၎င်းက ပြောသည်။
‘‘လုပ်ပိုင်ခွင့်ရှိသူတဲ့သူတွေ က ကိုယ်ရထားတဲ့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး အစိုးရနဲ့ နီးစပ်သူတွေကို အကျိုးရှိစေမယ့် အစိုးရနဲ့ နီးစပ်တဲ့သူတွေ အကျိုး ရှိတဲ့ကိစ္စရပ် တော်တော်များများ က ဒီအစီရင်ခံစာထဲမှာ ပေါ်ပေါက်နေမယ်လို့ ကျွန်မတို့ ယုံကြည်ပါ တယ်’’ဟု ဒေါက်တာညိုညိုသင်း က ပြောသည်။
ထိုသို့ ထုတ်ပြန်ရန် ထိမ်ချန် ထားခြင်းကြောင့် အခြားတစ်ဦးဦးအား အခွင့်အရေးရရှိစေမည်ဆို ပါက အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေ (ပုဒ်မ ၃(က) (၁)) နှင့် ငြိစွန်းမည်ဖြစ်ကြောင်းလည်း ၎င်း က ထောက်ပြပြောကြားသည်။
ထို့အပြင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်စာရင်းစစ်ချုပ် အစီရင်ခံစာ ထုတ်ပြန်ခြင်းမရှိသဖြင့် ယင်း ဘဏ္ဍာနှစ်အတွင်း အစိုးရက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ အနက် သံသယရှိသော လုပ်ငန်း များကို ထပ်မံစစ်ဆေးပေးရန် လွှတ်တော်ကိုယ်စားလှယ်များက စာရင်းစစ်ချုပ်ကို တာဝန်ပေးသင့် ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ က တိုက်တွန်းသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာကို ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ပြု လုပ်မည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကာလ အတွင်း ထုတ်ပြန်ခြင်း ရှိ၊ မရှိ စောင့်ကြည့်မည်ဖြစ်ပြီး ထုတ်ပြန် ခြင်းမရှိပါက နိုင်ငံတော်သမ္မတ ထံသို့ အထောက်အထားများဖြင့် တိုင်ကြားမည်ဟု ဒေါက်တာညို ညိုသင်းက ဆက်ပြောသည်။
‘‘နိုင်ငံတော်သမ္မတကြီးဆီ ပို့ပြီးရင် နှစ်ပတ်လောက်တော့ စောင့်ပါမယ်။ စောင့်ပြီးလို့ ထူး ခြားမှု တစ်စုံတစ်ရာမရှိဘူးဆိုရင် ကျန်တဲ့ကိစ္စကို ဥပဒေနဲ့အညီ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေကို ဆက်လက်ပြီးတော့ တင်ပြသွား မှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။
အဆိုပါ အစီရင်ခံစာကို ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ပြု လုပ်မည့် ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်အစည်းအဝေး ၌ ဖြန့်ဝေပေးမည်ဟု မျှော်လင့်ရ ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ဆိုသည်။
‘‘ကျွန်တော်တို့ကတော့ စာ ရင်းစစ်ချုပ်ကြီးကို ဒီအစီရင်ခံ စာတင်သွင်းဖို့ ပြောထားတာပေါ့။ စာအုပ်အားဖြင့် မဖြန့်ဝေရင် တောင် ဖတ်ပြပါ။ နားနားပြီးဖတ် ပါလို့ ပြောထားတယ်။ အဲဒါ ဘယ်လိုလာမယ်မသိဘူး။ အဲဒီအခါကျ မှပဲ သိရမှာပေါ့’’ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေ ယျက ပြောသည်။
ယင်းအစီ ရင်ခံစာထုတ်ပြန် ခြင်းမရှိသည့် ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ် ချုပ်ဒေါ်ခင်သန်းလှကို ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ် မရပေ။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img