bnr_tob_1

2020.07.23SOCIAL

၃၉၀၀၀ ကျပ်နဲ့ အချိန်မကုန်ဘဲသက်တောင့်သက်သာ Air KBZ နဲ့ ခရီးထွက်ကြမယ်

Air KBZ ရဲ့ အထူးပရိုမိုးရှင်းအနေနဲ့ ပြန်လည်ပြေးဆွဲပေးမယ့် ရန်ကုန်-နေပြည်တော်/နေပြည်တော်-ရန်ကုန် ခရီးစဉ်တွေကို မိတ်ဆက်တဲ့အနေနဲ့ ခရီးစဉ်တစ်ကြောင်းကို အနိမ့်ဆုံး ၃၉၀၀၀ ကျပ်မှ စတင်ဝယ်ယူနိုင်ပြီး နိုင်ငံ့ဝန်ထမ်းတွေအတွက်လည်း ၁၅ ရာခိုင်နှုန်း အထူးလျှော့ဈေးနဲ့ ဝယ်ယူနိုင်ဖို့ စီစဉ်ပေးထားပါတယ်။

Air KBZ ရဲ့ ရန်ကုန်-နေပြည်တော် ခရီးစဉ်တွေကို အပတ်စဉ် တနင်္လာနဲ့ သောကြာနေ့တွေမှာ ပြန်လည်ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးစဉ်တစ်ကြောင်းကို အနိမ့်ဆုံး ၃၉၀၀၀ ကျပ်ကစပြီး ရောင်းချပေးသွားမယ်လို​့ ကြေညာထားပါတယ်။

Air KBZ ရဲ့ ပြန်လည်ပြေးဆွဲပေးမယ့် ရန်ကုန်-နေပြည်တော်/နေပြည်တော်-ရန်ကုန် ခရီးစဉ်တွေကို ဇူလိုင်လ ၂၄ ရက်မှစတင်ကာ အောက်တိုဘာလ ၂၄ ရက်အထိ ၃ လအတွင်း ခရီးစဉ် ၆ ကြောင်း စီးနင်းရုံနဲ့ ၁၀၀ ရာခိုင်နှုန်း မိုင်အမှတ်တွေ ပေါင်းထည့်ပေးထားတဲ့ Sky Smile အစီအစဉ်ရဲ့ Ruby အဖွဲ့ဝင်ဖြစ်ခွင့်ကို ရယူနိုင်မှာဖြစ်ပြီး အဲဒီအခွင့်အရေးကိုရယူဖို့ စီးနင်းခဲ့ပြီးတဲ့ Flown Tickets ဒါမှမဟုတ် Boarding Passes တွေကိုလည်း ပြသလဲလှယ်နိုင်မှာဖြစ်လို့ သိမ်းဆည်းထားဖို့ လိုပါတယ်။

အထူးပရိုမိုးရှင်းလေးတွေဖြစ်လို့ Terms & Conditions Apply and Limited Seats Available ဖြစ်ကြောင်းကိုလည် အသိ​ပေးထားပါတယ်။

Air KBZ ရဲ့ ယခုခရီးစဉ်ကို Booking တင် ဝယ်ယူနိုင်ပြီး Booking တင်တာနဲ့ လက်မှတ်ဝယ်ယူဖို့ စုံစမ်းမေးမြန်းလိုတာတွေကို Air KBZ ရဲ့ အရောင်းကိုယ်စားလှယ်တွေ၊ Air KBZ လက်မှတ်ဝယ်ယူနိုင်မယ့် နေရာတွေအားလုံးမှာ ဝယ်ယူနိုင်မှာဖြစ်သလို Air KBZ ရဲ့ Link တွေကနေတစ်ဆင့်လည်း ဝယ်ယူတာတွေ၊ စုံစမ်းမေးမြန်းတာတွေကိုလည်း ရနိုင်ပါတယ်။

Air KBZ​​ လေကြောင်းဟ ာ မြန်မာနိုင်ငံမှာရှိတဲ့
မြို့ပေါင်း ၁၈ မြို့ကို ATR72-600 လေယာဉ် ၈ စင်းနဲ့ ပျံသန်းပြေးဆွဲပေးနေတာဖြစ်ပါတယ်။

ဈေးနှုန်းတွေလည်းချိုသာသလို အချိန်ကုန်လည်းသက်သာ​စေတဲ့ Air KBZ ရဲ့ လေကြောင်းခရီးစဉ်တွေကို စိတ်ဝင်စားသူတွေအနေနဲ့ ဖော်ပြပါ Air KBZ ရဲ့ အင်တာနက်စာမျက်နှာတွေကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

By : Kyar Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img