bnr_tob_1

2020.05.29SOCIAL

Adidas အကြောင်း

Adidas ဆိုသည့်အမှတ်တံဆိပ် သည်မသိတဲ့သူမရှိပါ။ Adidas မှထုတ်လုပ်သည့် အားကစားပစ္စည်းများမှာ ကမ္ဘာပေါ်တွင်ကျော်ကြားလှပါတယ်။ ထို့အပြင် ကမ္ဘာ့ဒုတိယအကြီးဆုံးအားကစား ကုမ္ပဏီလည်းဖြစ်ပါတယ်။

Adidas brand ကိုစတင်မွေးဖွား သူကတော့ ဂျာမနီလူမျိုး Adolf Dassler ဖြစ်ပါတယ်။ လူအများကတော့သူ့ကို Adi ဟုအဖျားစွတ်ခေါ်ဝေါ်ကြပါတယ်။ Adi ဟာငယ်စဉ်က မုန့်ဖုတ်လုပ်ငန်းကို သင်ယူခဲ့ပြီး အားလပ်သည့် အချိန်များတွင် အပြေးပြိုင်ပွဲများ၌ ပါဝင်ခဲ့ပါတယ်။ ထိုအချက်ကြောင့်ပဲ Adi ဟာ အပြေးပြိုင်သူများ အဆင်ပြေစေမည့် အားကစားဖိနပ် လိုအပ်ချက်ကို မြင်ခဲ့ပါတယ်။ ထို့ကြောင့် အဖေဖြစ်သူ၏ ခြေရာကိုနင်းကာ ဖိနပ်ချုပ်လုပ်ငန်းထဲကို ဝင်ခဲ့ပါတယ်။ ထို့အပြင် အပြေးသမားများအတွက် အကောင်းဆုံးဖိနပ်များ ထုတ်လုပ်နိုင်ရန် စည်းမျဉ်း (၃) ခုကိုလည်း Adi ကချမှတ်ခဲ့ပါတယ်။ ထိုအချက်(၃)ချက်မှာ-

(၁) လိုအပ်ချက်နဲ့အကိုက်ညီဆုံးဖိနပ်ကိုထုတ်လုပ်ဖို့
(၂) အားကစားသမားများအနာတရ နဲ့ ထိခိုက်မှုမရှိအောင်ကာကွယ်မှု
(၃) ရေရှည်အသုံးခံဖို့ တို့ပဲဖြစ်ပါတယ်။ ထို့နောက် ဖိနပ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

၁၉၂၄ ခုနှစ် ဇွန်လ ၁ရက်နေ့တွင် Marketing ဘက်၌ အတွေ့အကြုံရှိတဲ့ အကိုဖြစ်သူ Rudolf Dassler နှင့် ပူးပေါင်းကာ Dassler Brothers Sports Shoe Factory ကိုတည်ထောင်ခဲ့ပြီး Dassler ဆိုသည့်အမည်ဖြင့် ဖိနပ်များ ထုတ်လုပ်ခဲ့ပါတယ်။၁၉၃၆ ခုနှစ် ဘာလင်အိုလံပစ်ပွဲ ၌ ဂျာမန် ကစားသမားအများစုက Dassler ဖိနပ်များကို အသုံးပြုခဲ့ပါတယ်။ ထိုပြိုင်ပွဲ၌ အမေရိကန် တာတိုပြေးသမား Jesse Owens က Dassler ဖိနပ်ဖြင့် ရွှေတံဆိပ် (၄) ခုရရှိခဲ့ပါတယ်။ ထို့ကြောင့် ၎င်း၏ ကုမ္ပဏီ နှင့် တံဆိပ်သည် ကမ္ဘာ့အားကစား လောက၌ ပျံ့နှံ့ ခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ပွားချိန်မှာတော့ Dassler ကုမ္ပဏီက စစ်ဒဏ်ကိုခံခဲ့ရပါတယ်။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးချိန်မှာတော့ ကုမ္ပဏီ ကိုပြန်လည်တည်ထောင်ရန်ကြိုးပမ်းခဲ့သော်လည်း အကိုဖြစ်သူ Rudolf Dassler ၏ ဇနီးနှင့် မိသားစုပြဿနာများဖြစ်ပေါ်ခဲ့၍ အဆင်မပြေဖြစ်ခဲ့ပါတယ်။ ထို့ကြောင့်အကိုဖြစ်သူ Rudolf Dassler က Adi နှင့်လမ်းခွဲကာ ၁၉၄၈ ခုနှစ်တွင် Puma ကုမ္ပဏီ ကိုတည်ထောင်ခဲ့ပါတယ်။

၁၉၄၉ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် Adi က မိမိ၏အမည် Adi နှင့် Dassler မှာ Das ကိုပေါင်းစပ်ကာ Adidas ကုမ္ပဏီ ကိုတည်ထောင်ခဲ့ပါတယ်။ ထို့အပြင် အစင်း၃စင်းပါတဲ့ အမှတ်တံဆိပ်ကိုလည်း အသုံးပြုခဲ့ပါတယ်။ ထို့နောက် Adidas မှာအားကစားပစ္စည်း အမျိုးစုံထုတ်လုပ်ခဲ့ပါတယ်။ ဘောလုံးကန်ဖိနပ်တွေမှာလည်း ပထမဆုံးဖြင့် ပုံသွင်းထားတဲ့ ရာဘာမှို့အရှင်များဖြင့် ထုတ်လုပ်ခဲ့ပါတယ်။ ထို့နောက် Adidas နှင့် Puma မှာ အားပြိုင်မှုများရှိခဲ့ပါတယ်။၁၉၅၄ ခုနှစ်မှာတော့ ဂျာမနီ အမျိုးသားဘောလုံးအသင်း ကို Adidas ပစ္စည်းများ ထောက်ပံ့ပေးလိုက်သောအခါ Adidas က Puma အပေါ် အသာစီးရခဲ့ပါတယ်။ Adidas မှထုတ်သော ရာဘာမှိုတပ်ထားတဲ့ ဖိနပ်နှင့် ကန်သော ဂျာမနီအသင်းသည် ဟန်‌ဂေရီ အသင်းကိုအနိုင်ရရှိသွားသောကြောင့် Adidas ဟာ ကမ္ဘာက စိတ်ဝင်စားခြင်း ကိုရရှိခဲ့ပါတယ်။

၁၉၇၈ ခုနှစ် ဒီဇင်ဘာလ ၆ရက် တွင် Adidas တည်ထောင်သူ Adi ဟာ ကွယ်လွန်ခဲ့ပါတယ်။ ၎င်းကွယ်လွန်ပြီးနောက် နှစ်အနည်းငယ်အကြာမှာ ဇနီးဖြစ်သူမှာ ဆက်လက် ကွယ်လွန်ခဲ့ပါတယ်။ထို့နောက်  ကုမ္ပဏီ ကိုဦးဆောင်နေသည့် သားဖြစ်သူ Horst မှာလည်း ၁၉၈၇မှာကွယ်လွန်ခဲ့ပါတယ်။ ကျန်ရှိသည့် သမီးလေးယောက်မှာ ညီညွတ်မှုမရှိ၍ ၁၉၈၉မှာ ကုမ္ပဏီကို ‌ဒေါ်လာ ၅၁၂ သန်းနှင့်ရောင်းချခဲ့ပါတယ်။ ထို့နောက် Adidas ကုမ္ပဏီ သည်ပိုင်ရှင် အဆင့်ဆင့်ပြောင်းလဲခဲ့သည်။

၁၉၉၄ တွင် CEO အသစ်ဖြစ်လာတဲ့ Dreyfus လက်ထက်တွင် ကုမ္ပဏီ သည် ပြန်လည်၍ ဦးမော့ခဲ့ပါတယ်။ ၂၀၀၅ခုနှစ်တွင် အမေရိကန် ပြိုင်ဘက်ကုမ္ပဏီ ဖြစ်တဲ့ Rebook ကို ဒေါ်လာ ၃.၈လီယံ ဖြင့်ဝယ်ယူခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ TaylorMade အမည်ရှိ ဂေါက်သီးနှင့် ပတ်သတ်သည့် အားကစားပစ္စည်းထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီ က ဝယ်ယူခဲ့ပြီး Adidas အမည်ဖြင့်ပင် အားကစားပစ္စည်းများကိုဆက်လက်ထုတ်‌‌လုပ် ဖြန့်‌‌ဝေလျှက်ရှိပါတယ်။

ယခုအခါ Adidas က Nike ပြီးလျှင်ဒုတိယ လူကြိုက်အများဆုံး အားကစားအမှတ်တံဆိပ်ဖြစ်လာပါတယ်။ Adidas ကိုနှစ်သက်သူများ နှင့် Adidas မှ sponsor  ပေးထားသည့် အသင်း၊အဖွဲ့အစည်း၊ပုဂ္ဂိုလ် များကို Crazy ဖြစ်သူများအတွက် ဗဟုသုတရရှိစေရန် ရေးသားဖော်ပြပေးလိုက်ပါတယ်။

By: Zaw Gyi

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img