bnr_tob_1

2020.04.21SOCIAL

ပြည်တော်ပြန်တွေအကြောင်း

အခုတစ်လော မြို့ထဲ ရွာထဲ မှာ နာမည်ကြီးနေတဲ့ Covid-19 ကပ်ရောဂါဆိုတာ လူတိုင်းပါးစပ်ဖျားမှာ နေ စဉ်ကြားနေကျ စကားတစ်ခွန်းဖြစ်ပြီး နောက်တစ်ခုကတော့ လူအတော်များများ ကြောက်ရွံ့နေကြတဲ့ ” ပြည်တော်ပြန် ” ဆိုတာပါဘဲ။

ပြည်တော်ပြန် ဆိုတာ ပြည်ပနိုင်ငံတွေက ပြန်လာကြတဲ့ နိုင်ငံသားတွေကို ညွှန်းဆိုပြီး ခေါ်ဆိုကြတဲ့ စကားလုံးပါ။ တစ်ကမ္ဘာလုံးမှာ ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းတွေ အတော်များများ ရပ်နားကြလို့ ပြန်လာကြသလို ရောဂါကူးစက်မှာစိုးရိမ်တဲ့အတွက် ပြန်လာကြသူတွေရှိပါတယ်။

ရောဂါပြန့်ပွားနေတဲ့ နိုင်ငံတွေက ပြန်လာကြသူတွေမှာ ကူးစက်ပြန့်ပွားလွယ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါဟာလည်း လူအနည်းနဲ့ အများမှာ ပါလာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အတော်များများဟာ ပြည်ပကပြန်လာသူဆီကနေ စတင်ကူးစက်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် မြို တိုင်း၊ နယ်တိုင်းမှာ ပြည်ပက ပြန်လာသူတွေကို စောင့်ကြည့်စစ်ဆေး ခံယူဖို့ နေ စဉ် နှိုးဆော်ပေးနေတာကို တွေ ရပါတယ်။

ပြည်ပက ပြန်ရောက်လာသူတွေထဲမှာ ကျန်းမာရေး စောင့်ရှောက်ခံယူဖို ့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေမှာ စောင့်ကြည့်ခံယူကြသူတွေ ရှိသလို အချို့တွေကတော့ စောင့်ကြည့်မခံယူလိုသူတွေ ရှိတဲ့အတွက် ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဌာနတွေကို အသိမပေးဘဲ နေထိုင်ကြတဲ့ သူတွေလည်း ရှိပါတယ်။

မြို့နယ်တွေ၊ ရွာတွေမှာ ပြည်ပကပြန်လာသူဆို ကြောက်ရွံ ့ကြပါတယ်။ ရှောင်ကြဉ်ကြတယ်။ ခွဲခြားဆက်ဆံမှုတွေ ရှိလာတယ်။ ပြည်တော်ပြန် ဆိုတဲ့ အသုံးအနှုန်းနဲ့ ကြောက်စရာကောင်းသလို အရပ်ထဲမှာရော အင်တာနက်စာမျက်နှာတွေမှာပါ ပြောဆိုနေကြသံတွေ ကြားနေရပါတယ်။

တကယ်တော့ ပြည်တော်ပြန် ဆိုတာ ပြည်သူတွေထဲက ပြည်သူတွေပါပဲ။ တစ်ချိန်က ပြည်တော်ပြန်၊ နိုင်ငံခြားပြန်ဆိုရင် အထင်ကြီးကြ၊ကြိုဆိုခဲ့ကြလို့ ခေါင်းမော့ပြီး ပြန်လာနိုင်ပေမယ့် အခုတော့ ကြိုဆိုမယ့်သူမရှိ ဘဲ ရှောင်ပြေးမယ့်သူတွေနဲ့ အပြစ်တင်ဝေဖန်နေသူတွေကိုသာ အတော်များများ တွေ့နေရပါတယ်။

ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် ရှားပါးသလို လုပ်ခလစာဆိုတာကလည်း မလောက်ငှနိုင်တဲ့အတွက် တိုင်းတပါးလက်အောက်မှာ ကျရာနေရာကနေ တာဝန်ထမ်းဆောင်နေကြရတဲ့ ပြည်သူ ပြည်သားတွေပါ။ မြန်မာနိုင်ငံ အထူးသဖြင့် ရန်ကုန်မြို လို နေရာမျိုးမှာ အလုပ်တစ်နေရာ ရဖို အတွက် အလုပ်ခေါ်စာတွေမှာတွေ ရတဲ့ ” ဘွဲ ရဖြစ်ရမည် ၊ ရုပ်ရည်ချောမောပြေပြစ်ရမည် ၊ အင်္ဂလိပ်စကားပြော ကျွမ်းကျင်ရမည် ” စတဲ့ ကြော်ငြာစကားလုံးတွေဟာလည်း ပြည်သူပြည်သားတွေအတွက် အခက်အခဲတွေ ရတဲ့ အရာတစ်ခုပါပဲ။ ပြည်ပနိုင်ငံတွေဆိုတာကတော့ အထက်ပါ ကန့်သတ်ချက်တွေ မရှိဘဲ လမ်းစရိတ်ရှိရင် အလုပ်သွားလုပ်လို့ ရနိုင်တဲ့ အခွင့်အရေးဖြစ်နေပါတယ်။

ပြည်ပနိုင်ငံတွေမှာ သက်တောင့်သက်သာနဲ့ လုပ်ရတဲ့သူတွေ ရှိသလို ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တွေကို လုပ်ရသူတွေကလည်း မနည်းပါ။ ဒီကြားထဲ အလုပ်ရှင်မကောင်း၍ ဒုက္ခရောက်ရသူတွေ ရှိသေးတယ်။ ဒီလိုနဲ့ ကျရာနေရာမှာ ပျော်အောင်နေရတဲ့သူတွေပါ။

ခုလို တစ်ကမ ္ဘာလုံးနဲ့ သက်ဆိုင်လာတဲ့ ကပ်ရောဂါဟာ တစ်ကမ ္ဘာလုံးရဲ့ စီးပွားရေးကို ထိခိုက်လာတာနဲ့အမျှ စက်ရုံ၊ အလုပ်ရုံတွေပါ ထိခိုက်လာသလို နောက်ဆက်တွဲအနေနဲ ့ တစ်ကမ ္ဘာလုံးမှာ ဖြန် ကျက်အလုပ်လုပ်နေတဲ့ နိုင်ငံသားတွေကိုပါ ထိခိုက်လာပါတယ်။

ဒီလိုအချိန်မှာ ကိုယ့် ပြည် ကိုယ့်မြေကို ပြန်လာရုံကလွဲပြီး တခြားမရှိပါ။ ပြည်ပမှ ပြန်လာသူတွေကလည်း ကိုယ့်နိုင်ငံအတွက် မထိခိုက်ရလေအောင် ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ စည်မျဉ်းစည်းကမ်းတွေကို လိုက်နာပေးဖို ့ လိုအပ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေမှလည်း ပြည်တော်ပြန်တွေကို အပြစ်မတင် အပြစ်မမြင်ဘဲ စာနာ နားလည်ပြီး ကြိုဆိုပေးကြဖို ့ မျှော်လင့်မိပါတယ်။

မောင်ညိုမှိုင်း ( ရွေ တန်းမြေ ) ရဲ့ ကဗျာလေးတစ်ပုဒ်ကို မျှဝေပေးလိုက်ပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img