bnr_tob_1

2020.02.26SOCIAL

883 ဆိုတာနဲ့ Made in myanmar ဆိုတာသိနိုင်မယ့် Barcode စနစ်စတင်ပြီ

မြန်မာနိုင်ငံရှိ ထုတ်ကုန်များဟာ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ညီတဲ့ တံဆိပ်တပ်ခြင်း မရရှိသေးတဲ့အတွက် နိုင်ငံတကာဈေးကွက်မှာ တင်ပို့ ရောင်းချရာမှာ အခက်အခဲများစွာ ရှိခဲ့ကြ မျက်နှာငယ်ခဲ့ရပါတယ်။

Barcode အသုံးပြုခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များတွင်လည်း မြန်မာနိုင်ငံရဲ့ ကုန်ပစ္စည်းများအဖြစ် ပိုမိုလက်ခံလာနိုင်မှာဖြစ်၍ ပို့ကုန်လုပ်ငန်းများကို ပိုမိုယှဉ်ပြိုင် ရောင်းချနိုင်မှာဖြစ်ပါတယ်။ ကုန်ပစ္စည်းများရဲ့ အရည်အသွေးဟာလည်း ပိုမိုတိုးတက်လာမှာဖြစ်တာကြောင့်  မြန်မာနိုင်ငံ ထုတ်ကုန်ပစ္စည်းများ ဘားကုတ်တံဆိပ် တပ်ဆင်နိုင်ရေးအတွက် Myanmar Barcode Associationမှ နှစ်ပေါင်းများစွာ ကြိုးစားဆောင်ရွက်ခဲ့ကြရပါတယ်။

မြန်မာနို်င်ငံမှ ထုတ်ကုန်များကို ကမ္ဘာ့အဆင့်မီလာစေရန် လုပ်ဆောင်မှုအဆင့်ဆင့်များထဲမှာ Standard နှင့်အညီ နံပါတ်တပ်နိုင်သော Barcode ကိုအသုံးပြုခြင်းဖြင့် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် စားသုံးသူများအတွက်ပါ အကျိုးရှိစေမှာဖြစ်တာကြောင့် လိုအပ်လျက်လည်းရှိခဲ့ပါတယ်။

၂၀၁၉ခုနှစ်၊ မေလမှာတော့ Belgium နိုင်ငံရှိ GS1 Global Office (ရုံးချုပ်) Myanmar Barcode Association (MBA) ၏ မြန်မာနိုင်ငံအနေဖြင့် GS1 Member Organization အဖြစ် လျှောက်ထားမှုအား Turkeyနိုင်ငံ၊ Istanbul မြို့တွင်ကျင်းပသော GS1 General Assembly ၌ တရားဝင်အသိအမှတ်ပြု ကြေငြာခဲ့ပါတယ်။

GS1ဆိုတာကတော့ Non-Profit အဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံတကာတွင် သုံးစွဲနေသော BarCode နှင့် ပတ်သက်၍ ဝန်ဆောင်မှုပေးနေသည့် အဖွဲ့အစည်းဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများ အချင်းချင်းဆက်သွယ်ရာမှာပိုမိုထိရောက်၍ စွမ်းဆောင်ရည်ပြည့်ဝစေရန်အတွက် Global Standards များအား ပံ့ပိုးကူညီနေသောအဖွဲ့အစည်းလည်းဖြစ်ပါသည်။

Myanmar Barcode Association (MBA) ကိုတော့ ပြည်တွင်းလုပ်ငန်းရှင် (၁၈)ဦးနှင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။

MBAရဲ့ကြိုးစားအားထုတ်မှုများကြောင့် ဖေဖော်ဝါရီလ၂၂ ရက်နေ့မှာ UMFCCI တွင် GS1 Myammar စတင် မိတ်ဆက်ခြင်း အခမ်းအနားကို ကျင်းပ ပြုလုပ်နိုင်ခဲ့ပါတယ်။ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာတွင် Made in Myanmar အဖြစ် အသိအမှတ်ပြုသော GS1 Barcode များကို စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဂုဏ်ယူဖွယ်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။GS1 Myanmar မိတ်ဆက်ပွဲအခမ်းအနားကို နိုင်ငံတော်ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံအမတ်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ လက်လီရောင်းချသူများ ၊ သတင်းမီဒီယာများ မှတက်ရောက်ခဲ့တယ်လို့သိရပါတယ်။

UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း မှ “မြန်မာ့ထုတ်ကုန်တွေက နိုင်ငံ တကာ စံချိန်စံညွှန်း နဲ့ ညီတဲ့ တံဆိပ်မရှိတဲ့အတွက် နိုင်ငံ တကာ ဈေးကွက်မှာ တင်ပို့ ရောင်းချတဲ့အခါမှာ ကျနော်တို့က ထိုင်းနဲ့ စင်ကာပူမှာရှိတဲ့ Barcode အဖွဲ့တွေ နဲ့ ပူးပေါင်း တပ်ဆင်တဲ့ အခါ ကိုယ့်နိုင်ငံ ပစ္စည်းဖြစ်ပေမယ့် Barcode ဖတ်တဲ့အခါ သူများနိုင်ငံက ပစ္စည်းလို့ပဲ ပေါ် တဲ့အတွက် အခက်အခဲတွေ ရှိခဲ့တယ်။ ပြည်တွင်းထုတ်ကုန်များအတွက် အကျိုးကျေးဇူးတွေ လည်း ရလာမှာ ဖြစ်တယ်”ဟု ပြောကြားခဲ့ပါတယ်။

 မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်  Barcode နံပါတ် 883 ကို အသုံး ပြုပြီး ထုတ်ကုန်များကို Made in Myanmar အဖြစ် တခြားနိုင်ငံများကို အားကိုးစရာမလိုဘဲ ထုတ်လုပ်ရောင်းချ နိုင်မည်ဖြစ်သောကြောင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ အထူးဝမ်းမြောက်ဖွယ်ဖြစ်ပါတယ်။ မြန်မာပြည်မှာ ထုတ်လုပ်ရောင်းချတဲ့ ကုန်ပစ္စည်းများအတွက်နိုင်ငံတကာ အဆင့်မီ၊ နိုင်ငံတကာ အသိအမှတ်ပြု GS1 Barcodes များကို တရားဝင် စတင် ရောင်းချနေပြီ ဖြစ်ပါပြီး  ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့လည်း Barcode အသုံးပြုပါက ကုန်သွယ်မှုကဏ္ဍအတွက်ရော၊ စားသုံးသူကာကွယ်ရေးအတွက်ပါ အကျိုးရှိမှာမို့ သုံးစွဲသင့်ပါတယ်။ ယခုဆိုရင် GS1 Myanmar ကBarcode ကို ကုမ္ပဏီပေါင်း ၃၀၀ ကအစတင်အသုံးပြုနေပြီဖြစ်ပါတယ်။

#883 #MadeInMyanmar #MBA #GS1Barcode

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img