bnr_tob_1

2019.08.15TRAVEL

မိုးတွင်းကြီးလည်း လည်ပတ်လို့ကောင်း၊ ဓာတ်ဖမ်းလို့ကောင်းတဲ့ ရန်ကုန်မြို့ပြင်ကနေရာ(၅)ခု

အ‌ဝေးမှ လှမ်းမျှော်ဖူးမြင်ရတဲ့ ကျိုက်မှော်ဝန်းရေလယ်စေတီတော်

အခုလို ရေကြီးလိုက်၊ မြေပြိုလိုက်၊ မုန်တိုင်းတိုက်လိုက်နဲ့ သဘာဝဘေးအန္တရာယ်တွေများလှတဲ့ အချိန်အခါကြီးမှာ ခရီးထွက်ဖို့ဆိုတာ Safe မဖြစ်လှပါဘူး။ ဒါပေမဲ့ ဒီအ‌ခြေအနေတွေက အပြင်မထွက်ရ မနေနိုင်တဲ့ rover လေးတွေကို မဟန့်တားနိုင်ပါဘူး။ ကိုယ်တိုင်အတွက်လည်း Safe ဖြစ်မယ်၊ အေးအေးဆေးဆေးလည်းရှိမယ်၊ ငွေကုန်ကြေးကျလည်း သက်သာမယ့် ခရီးတိုလေးတစ်ခု ရှာကြံပြီးသွားတာပေါ့။


အဲ့ဒါကတော့ ရေခြား၊ မြေခြားမှာရှိနေပြီး၊ သီးသန့်နယ်မြို့လေးလိုဖြစ်နေတဲ့ သန်လျင်မြို့လေးပါ။ မိုးတွင်းမို့လို့ လူရှင်းပြီး တကယ့်ကို အေးအေးဆေးဆေး၊ နားနားနေနေ အပန်းဖြေနိုင်ခဲ့တဲ့ စိတ်ချမ်းသာစရာခရီးတိုလေးအကြောင်းကို Yangon Style စာမျက်နှာကနေတဆင့်ပြန် share ပေးလိုက်ပါတယ်။

၁။ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီ

သန်လျင်မြို့ကို ရောက်တော့ မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ ကျိုက်ခေါက်စေတီကို ပထမဆုံးဖူးမြော်ခဲ့တယ်။ ကျိုက်ခေါက်စေတီက အလွန်သပ္ပါယ်လှပြီး၊ လျှောက်လမ်းတွေ၊ နားနေဆောင်တွေ၊ ဇရပ်တွေကလည်း အရမ်းကို သန့်ရှင်းသပ်ရပ်နေတာပါ။ မနက်စောစော ဘုရားမှာ လူရှင်းနေတာမို့ အေးအေးဆေးဆေး ဘုရားဝတ်ပြု၊ သီလယူ၊ ဆုတောင်းမေတ္တာပို့သနိုင်ခဲ့တယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်တကွ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး သဘာဝဘေးအန္တရာယ်တွေ ကင်းဝေးဖို့ အထူးဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

၂။ ကျိုက်မှော်ဝန်းရေလယ်စေတီတော်

အခုလို အုံမှိုင်းနေတဲ့ရာသီဥတုမှာ ရေပြည့်နေတဲ့ချောင်းကို လှေနဲ့ဖြတ်ကူးပြီး ဘုရားဖူးခဲ့ကြတာဟာ စိတ်လှုပ်ရှားစရာပါ။

အဲ့နောက် သန်လျင်မြို့ မှော်ဝန်းချောင်းအတွင်းတည်ရှိတဲ့ ရေလယ်ကျောက်တန်းလို့ခေါ်တဲ့ ကျိုက်မှော်ဝန်းရေလယ်စေတီတော်ကိုလည်း ဖူးမြော်ခဲ့ပါတယ်။ ရေလယ်ဘုရားမှာ ပြည်တွင်းက ဘုရားဖူးတွေထက် ထိုင်းနဲ့ဂျပန်လူမျိုးဘုရားဖူးတွေက ပိုများနေတာတွေ့ခဲ့ရတယ်။ ဂျပန်လူမျိုးတွေက သီလဝါစက်မှုဇုန်ကို အကြောင်းပြုပြီး ရေလယ်ဘုရားကို အထူးစိတ်ဝင်တစား လာရောက်ဖူးမြော်ကြပါတယ်။ ထိုင်းလူမျိုးတွေကလည်း ရေလယ်ဘုရားဟာ ဆုတောင်းအဓိဌာန်ပြည့်တယ်လို့ ယုံကြည်ကြတာကြောင့် အခုလိုမိုးရာသီမှာပါ အများအပြား လာရောက်ဖူးမြော်ကြပါတယ်။

စေတီတော်ကို မူလပြုပြင်သူများက
① စေတီ၏ရင်ပြင်တော်ကို ရေမလွှမ်းနိုင်ပါစေ
② ဘုရားဖူး ရဟန်း၊ ရှင်၊ လူ လာသလောက် ရင်ပြင်တော်တွင် နေလောက်ပါစေ
③ စေတီတော်ကို ပြုပြင်လှူဒါန်းသူတို့သည် ပစ္စုပ္ပန်၌ပင် လောကီစီးပွားတိုးတက်ပါစေ ဟူသော အဓိဌာန် ၃ ချက်ကို ပြုခဲ့ကြပါတယ်။

၃။ ပါဒကြီးဘုရား

ပျက်စီးယိုယွင်းမှုတွေကြောင့် ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိသော ပါဒကြီးဘုရား

နေ့လယ်စာထမင်း မစားခင်လေး ပါဒကြီးဘုရားကို ဖူးမြော်ခဲ့ပါတယ်။ ကျိုက်ခေါက်စေတီ နဲ့ ရေလယ်ကျောက်တန်းစေတီများက ပြည့်စုံသပ္ပာယ်နေပေမဲ့ ပါဒကြီးဘုရားကတော့ ပျက်စီးယိုယွင်းမှုတွေကြောင့် ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိတာကို တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် အလယ်ပစ္စယံ နဲ့ အထက်ပစ္စယံတို့ ပျက်စီးယိုယွင်းနေတာ စိတ်မကောင်းစွာ တွေ့ခဲ့ရပါတယ်။ ဘုရားဂေါပကအဖွဲ့မှ ဘုရားပြုပြင်နိုင်ဖို့ စီမံဆောင်ရွက်နေတာကြောင့် အလှူငွေလည်း တက်နိုင်သလောက် ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။

၄။ မိတ်ဆက် ထန်းရည်

ထန်းရည်အေး‌‌အေး‌‌

ဘုရားဖူးပြီးတော့ နေ့လယ် ၁၂ နာရီကျော်နေပြီဆိုတော့ ထမင်းစားကောင်းမယ့်ဆိုင်လေး ရှာတာပေါ့။ ရန်ကုန်မှာ မရနိုင်တာလေးတွေ စားလို့ရမယ့်ဆိုင်လေးဆိုပြီး မိတ်ဆက်ထန်းရည်ဆိုင်လေးကို ကားဆရာကြီးက recommend ပေးတယ်။ ထန်းရည်ဆိုင်ဆိုပေမဲ့ ဆူဆူညံညံ ရှုပ်ရှုပ်ပွပွဖြစ်မနေဘူး။ သစ်ရိပ်၊ ဝါးရိပ်လေးတွေနဲ့ အေးချမ်းပြီး သန့်ရှင်းနေတဲ့ ဆိုင်လေး။ ခြံဝန်းအကျယ်ကြီးထဲမှာ သစ်သားကွပ်ပျစ်လေးတွေကို တစ်ခုနဲ့တစ်ခု ခပ်ဝေးဝေးလေး ဆောက်ထားတာကြောင့် ကိုယ့်အုပ်စုနဲ့ကိုယ် အေးအေးဆေးဆေးလေး ထန်းရည်သောက်၊ ထမင်းစားလို့ရတယ်။ မနက်က ဘုရားမှာ သီလယူခဲ့တဲ့ သူတွေကတော့ ထန်းရည်မသောက်ဘဲ ကြွက်ကြော်မွှေးမွှေးလေးနဲ့ ဗမာကြက်ကြော်လေးကို ထမင်းပူပူလေးနဲ့ အရသာရှိရှိစားခဲ့ကြတယ်။ ရန်ကုန်က ကြက်ကြော်တွေလို ပေါ့ပေါ့ပွပွကြီးဖြစ်မနေဘဲ တကယ်စားကောင်းတဲ့ ကြက်ကြော်ပါ။ ပဲကြမ်းသုပ်ကလည်း ရွရွလေးနဲ့အတော်စားကောင်းတယ်။ ထန်းရည်ကတော့ နည်းနည်းချဉ်နေလို့ သိပ်မသောက်နိုင်ခဲ့ဘူး။

သစ်ရိပ်၊ ဝါးရိပ်လေးတွေနဲ့ အေးချမ်းပြီး သန့်ရှင်းနေတဲ့ ထန်းရည်ဆိုင်လေး

၅။ ပေါ်တူဂီ ရှေးဟောင်းဘုရားကျောင်းတော်ကြီး

ပေါ်တူဂီ ရှေးဟောင်းဘုရားကျောင်းတော်ကြီး

ထမင်းစားပြီးတော့ အချိန်ရသေးတော့ ပေါ်တူဂီဘုရားကျောင်းကို ထပ်သွားခဲ့တယ်။ တကယ့်ကို ဓာတ်ဖမ်းလို့ကောင်းတဲ့ နေရာတစ်ခုပေါ့။ သန်လျင်မြို့မှာ လာရောက်အခြေချခဲ့တဲ့ ပေါ်တူဂီလူမျိုးတွေကို အစွဲပြုပြီး ပေါ်တူဂီကျောင်းလို့ ခေါ်ဆိုခဲ့ပေမဲ့ အီတလီဘုန်းတော်ကြီး Bp.Paolo Marie Nerini က ၁၇၄၉ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တာပါ။ အခုဆိုရင် နှစ်ပေါင်း ၂၇၀ ကျော်သက်တမ်း ရှိသွားပြီဖြစ်တဲ့ ရှေးဟောင်းကျောင်းတော်ကြီးပေါ့။ အရင်က ခြုံ၊ နွယ်ပိတ်ပေါင်းတွေနဲ့ ပျက်စီးနေခဲ့ပေမဲ့ အခုတော့ ရှေးဟောင်းသုတေသနဌာနက ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ပေးထားတာကြောင့် ရှေးဟောင်းဘုရားကျောင်းကြီးတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခွင့်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် အခွင့်အရေးရှိတုန်း ဆက်ဆက်သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုလို့ အကြံပြုပါတယ်။

ငွေကုန်ကြေးကျလည်း သက်သာ၊ ကုသိုလ်လဲရ၊ ဗဟုသုတလည်းရ၊ ဓာတ်ပုံလှလှလေးတွေလည်း ရိုက်လို့ရမယ့်နေရာတွေ ရှိနေတဲ့ သန်လျင်နဲ့ကျောက်တန်းမြို့လေးကို မိုးတွင်းမှာ တစ်ခေါက်လောက် သွားလည်ကြည့်သင့်ပါတယ်။ တကယ့်ကို အေးအေးချမ်းချမ်းနဲ့ အပန်းပြေမယ့်ခရီးလေး ဖြစ်မှာပါ။

By: Laimar

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img
This error message is only visible to WordPress admins

Error: API requests are being delayed for this account. New posts will not be retrieved.

Log in as an administrator and view the Instagram Feed settings page for more details.