bnr_tob_1

2020.10.19SOCIAL

မြန်မာတွင် ကပ်ရောဂါတိုက်ဖျက်ရေးကူညီရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့များမှ ကျွမ်းကျင် ဝန်ထမ်း ၄၀ ဦးလာရောက်

ကုလနှင့်နိုင်ငံတကာမှ ကျွမ်းကျင်သူများ ယမန်နေ့က ရောက်ရှိလာစဉ် (ဓာတ်ပုံ - MRTV)

By အောင်ရဲကို

COVID-19 ရောဂါကာကွယ်၊ တားဆီး၊ နှိမ်နင်းရေး လုပ်ငန်းစဉ်တွင်ကူညီရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ဝန်ထမ်း ၄၀ ဦးသည်  မြန်မာနိုင်ငံသို့ယမန်နေ့ကရောက်ရှိကြောင်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူက ပြောသည်။

အဆိုပါ ကျွမ်းကျင်ဝန်ထမ်း ၄၀ ဦးနှင့်အတူ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) ၏ ကမ္ဘာလုံးဆိုင်ရာ  ဝန်ဆောင်မှုအစီအစဉ်ဖြင့် COVID-19  ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် ဆက်စပ်သော ကျန်းမာရေးလုပ်ငန်းများတွင် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှကူညီထောက်ပံ့သည့် ဆေးရုံသုံးလက်အိတ်အစုံလေးသောင်းကျော်လည်း ပါဝင်ကြောင်း၎င်းကဆိုသည်။ဆေးလိပ်မသောက်ရ၍ ကွာရန်တင်းစင်တာမှ ထွက်ပြေးသူနှစ်ဦးကို အရေးယူမည်ရွေးကောက်ပွဲမကျင်းပသည့်နယ်မြေစာရင်း သုံးသပ်ပြင်ဆင်ပေးရန် တိုင်းရင်းသားပါတီငါးခု ပူးတွဲထုတ်ပြန်

‘‘လာကူတဲ့သူတော့ များ တယ်။ သူတို့တွေက Public Health ပိုင်းမှာပဲကူမလား။ ဒါမှ မဟုတ် ကုသရေးစင်တာတွေကို အားဖြည့်မလားဆိုတာ တိတိကျ ကျတော့မသိရသေးဘူး။ မနက် ဖြန်တော့ ဒါနဲ့ပတ်သက်ပြီးဆွေး နွေးဖို့ရှိတယ်’’ဟု ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ရှင်းပြသည်။

ယခု လာရောက်ကူညီမှု သည် မြန်မာနိုင်ငံ၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည် ပနှင့်နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင် အရေအတွက်အများဆုံး ဖြင့် ပထမဆုံးအကြိမ်လာရောက် ခြင်းဖြစ်သည်ဟု ၎င်းကဆက် လက်ပြောသည်။

မတ်လမှ ဇွန်လအတွင်း COVID-19 ပထမလှိုင်း၌မူ တရုတ်နိုင်ငံ တပ်မတော်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ လာရောက်ကူညီမှုရှိခဲ့သည်။ အလားတူ ဇူလိုင်လကလည်း WFP ၏အစီအစဉ်ဖြင့်COVID-19 စစ်ဆေးမှုဓာတ်ခွဲခန်းသုံး ပစ္စည်းများနှင့်အတူ ကျွမ်းကျင်ပညာရှင်နှစ်ဦး စေလွှတ်ခဲ့သည်ဟု WFP Myanmar က ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံ၌ဓာတ် ခွဲအတည်ပြုလူနာ ၃၆,၀၂၅ ဦးရှိ သည့်အနက် ဆေးရုံဆင်းခွင့်ရသူ ၁၇,၀၀၀ ကျော်ရှိကာ သေဆုံးသူ ၈၈၀ ဦးရှိသည်။

Credit : https://7day.news/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img