bnr_tob_1

2021.01.15SOCIAL

သွေးချင်းတို့ရဲ့ပွဲတော်ဆီ၂၀၂၁ ပွဲတော်ကို Virtual စနစ်ဖြင့်ကျင်းပပေးတော့မည်

သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၁ ပွဲတော်ကြီးကို မြေပြင်မှာကျင်းပပြုလုပ်တော့မှာမဟုတ်ဘဲ Virtual စနစ်နဲ့သာ ကျင်းပသွားဖို့စီစဉ်နေပြီလို့ သိရပါတယ်။
၂၀၂၁ ခုနှစ်အတွက် တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်ကြီးကိုဖေဖော်ဝါရီ ၂၇ ကနေ မတ်လ ၅ ရက်အထိ Mrtv၊ Mrtv4၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း(NRC)၊ Web portal၊ Webiner(Web program)၊ Facebook platform တွေကနေ Virtual စနစ်နဲ့ ထုတ်လွှင့်သွားဖို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပထမအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကြီးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်ကနေ ၃၀ ရက်အထိနဲ့ ဒုတိယအကြိမ်ပွဲတော်ကြီးကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၇ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ယခုတတိယအကြိမ် ပွဲတော်ကြီးတော့ Covid 19 ရောဂါဖြစ်ပွားနေတဲ့ကာလဖြစ်တဲ့အတွက် မြေပြင်မှာကျင်းပနိုင်တော့မှာမဟုတ်ဘဲ Virtual စနစ်နဲ့သာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီပွဲတော်ကြီးကို ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများချစ်ကြည်ရင်းနှီးရေး၊ ရိုင်းပင်းကူညီရေး၊ တိုင်းရင်းသားများ၏ရိုးရာယဉ်ကျေးမှု၊ တောတောင်ရေမြေအလှများ၊ တိုင်းရင်းသားဒေသအခြေပြုခရီးသွားလုပ်ငန်းများအပြင် ရိုးရာအဝတ်အထည်များ၊ ဒေသထုတ်ကုန်များကို နိုင်ငံတကာသို့တင်ပို့နိုင်ရေးကို ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။

သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကြီးကို ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာတော့ ကျိုက္ကဆံကွင်းမှာကျင်းပခဲ့ပြီး ဒီပွဲတော်ကြီးမှာ တိုင်းရင်းသား ၁၃၅ မျိုးရဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပုံစံတွေ၊ရိုးရာယဉ်ကျေးမှုနဲ့နေထိုင်မှုပုံစံပြခန်းတွေ၊ သမိုင်းကြောင်းတွေ၊ အထင်ကရဒေသတွေရဲ့ပုံစံငယ်တွေ၊ ရိုးရာအစားအစာတွေနဲ့ဒေသထွက်ကုန်တွေကို တစ်နေရာတည်းမှာ အစုံအလင်မြင်တွေ့နိုင်အောင် ခင်းကျင်းပြသခဲ့ပြီး ဒေသထွက်စားသောက်ကုန်တွေ၊ အစားအစာတွေကိုလည်း ရောင်းချပေးခဲ့ပါတယ်။ တိုင်းရင်းသားရိုးရာ အကတွေနဲ့ ရန်ကုန်မြို့ရဲ့နာမည်ကျော်တေးသံရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာဖြစ်ပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img
This error message is only visible to WordPress admins

Error: API requests are being delayed for this account. New posts will not be retrieved.

Log in as an administrator and view the Instagram Feed settings page for more details.