fb_icon

bnr_tob_1

2019.12.13LIFE&TREND

2019 ဆောင်းရာသီမှာ ခေတ်စားလာမယ့် နှုတ်ခမ်းနီအရောင်များ

နှုတ်ခမ်းနီဆိုတာ အမျိုသမီးတွေအတွက် ယုံကြည့်မှု Level တိုးမြှင့်ပေးတဲ့ Cosmetic ပဲဖြစ်ပါတယ်။
ခေတ်အဆက်ဆက်မှာ အရောင် ပုံစံဒီဇိုင်းများစွာ နဲ့ Fashion ရေစီးကြောင်းမှာအရေးပါဝင်ခဲ့ပါတယ်။

နှုတ်ခမ်းနီကို ကမ္ဘာအရပ်ရပ်ကအမျိုးသမီးတိုင်းစွဲလမ်းနှစ်သက်ပါတယ်။ သို့သော် အရောင်ဆန်း အရောင်တောက်များကို ခြယ်သဖို့အတွက်တော့မဝံမရဲဖြစ်နေတတ်ပါတယ်။ ဒီလိုယုံကြည်မှုမရှိတာတွေကို စွန့်လွှတ်ပြီး ဆန်းသစ်သော တမူထူးခြားတဲ့ Another Me ပုံစံနဲ့ 2019 ဆောင်းရာသီမှာ ကွန်ဖီးဒန့်Level အမြင့်ဆုံးရောက်နေဖို့ 2019 world wide trend lipstick Color တွေကိုမှ မြန်မာအသားအရောင်ပုံစံနဲ့ လိုက်ဖက်မယ့် အရောင်ပုံစံတွေကို ရွေးခြယ်ပြောပြပေးလိုက်ပါတယ်နော်။

1.Oxblood Red Lipstick

2.Pumpkin Red Lipstick.

3.Taupe Lipstick.

4.Violet Lipstick.

5.Metallic Lipstick.

6.No Lipstick, Lipstick.

1.Oxblood Red Lipstick

2019ဆောင်းရာသီအတွက် အင်မတန်ပြည့်စုံတဲ့ အရောင်ကတော့ ကြက်သွေးရောင်ပါရှင်။ တည်ငြိမ်ရင့်ကျတ်ခြင်း နှင့်အတူတက်ကြွရဲရင့်ခြင်းတွေကိုပါ ရရှိစေနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

2.Pumpkin Red Lipstick

လိမ္မော်ရောင်အစားထိုး အနီ-လိမ္မော်ဖောက် နှုတ်ခမ်းနီအရောင်ကတော့ ငယ်ရွယ်နုပျိုမှုနဲ့ နူးညံသိမ်မွေ့မှုတွေကို ယူဆောင်လာမှာဖြစ်ပါတယ်။

3.Taupe Lipstick.

Nude Color နှုတ်ခမ်းနီတွေကတော့ Fashion Trend တိုင်းမှာပါဝင်ပါတယ်။ အသားအရောင်တိုင်းနဲ့လိုက်ဖတ်သလို ကျက်သရေရှိပြီး Make Up look အတော်များများနဲ့လည်း လိုက်ဖက်ပါတယ်။ အနီရဲရဲဆိုးနေကျသူတွေက အညိုရောင် နှုတ်ခမ်းနီလေးတွေပြောင်းဆိုးမယ် Nude Color ဆိုးနေကျသူတွေက အလှပြင်စားပွဲပေါ်မှာ အနီရောင်နှုတ်ခမ်းနီတွေကို ပြောင်းလဲနေရာယူလိုက်မယ်ဆိုရင် အသွင်သစ်နဲ့ လှနေတဲ့ Another Me ကို တွေ့ရမှာပါ။

အခုပြောပြခဲ့တဲ့အရောင်တွေက မြန်မာအသားအရေ မျက်နှာထား နဲ့ အင်မတန်လိုက်ဖက်ကျက်သရေရှိတဲ့အရောင်တွေဖြစ်ပါတယ်။ 2019အတွက် လူငယ်ဆန်ပြီး ဆန်းသစ်တဲ့ လူကြိုက်များနေတဲ့ Color တွေကိုဆက်ကြည့်လိုက်ရအောင်။

4.Violet Lipstick.

ပွဲနေပွဲထိုင်နဲ့ သူများနဲ့ အတူ ကွဲထွက်စေမယ့် Lookကိုရရှိစေမှာပါ။ ခရမ်းရောင်နှုတ်ခမ်းနီဆိုးထားတဲ့သူဆိုတာ Fashion Trend ကို လိုက်မှီသူ Style ကျသူအဖြစ်ကို သတ်မှတ်ကျပါတယ်။ Daily Look အနေနဲ့ကတော့ ပန်းခရမ်းရောင်လေးတွေက သင့်လျော်ပါတယ်။

5.Metallic Lipstick

ဒါကတော့ 2017လောက်ကတည်းက တပတ်ပြန်လည်ခေတ်စားလာတဲ့ Metallic Lipstick ပါ ဒီ Make Up look နဲ့ လိုက်ဖက်မှုရှိစေဖို့ယုံကြည်မှုပဲလိုပါတယ်။

6.No Lipstick, Lipstick.

ကဲ အားလုံးအကြိုက်အများအကြိုက် သဘာဝအတိုင်းဖြစ်နေတဲ့ Korean Look, Japanese Look ပဲဖြစ်ပါတယ်ရှင်။ချစ်ဖို့ကောင်းပြီးငယ်ရွယ်တဲ့ အသွင်ကိ်ုဆောင်ပါတယ်။ လူတိုင်းကြိုက်နှစ်သက်ကျပေမယ့် အသားညိုသူတွေအနေနဲ့ မလိုက်ဖက်တာကြောင့် ရဲရဲရင့်ရင့် နှုတ်ခမ်းပေါ် Color အပြည့်တင်ဖို့ပဲပြောချင်ပါတယ်နော်။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img