bnr_tob_1

2020.08.25SOCIAL

မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်ရုပ်ရှင်ဇာတ်ကားတို ပြိုင်ပွဲဖိတ်ခေါ်ခြင်း

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်မှာကျရောက်မယ့် မြန်မာ့ရုပ်ရှင်နှစ် ( ၁၀၀) ပြည့်အထိမ်းအမှတ်အတွက် ဇာတ်လမ်းရုပ်ရှင်တို (Short Film) ၊ မှတ်တမ်းရုပ်ရှင် ( Documentary Film) နဲ့ ကာတွန်းရုပ်ရှင် ( Animation Film) ပြိုင်ပွဲတွေကို ကျင်းပသွားမှာဖြစ်တဲ့အတွက် ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ အောက်ပါအချက်အလက်တွေနဲ့အညီ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနားကျင်းပရေး၊ ပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီက ဖိတ်ခေါ်ကြေညာထားပါတယ်။

၁။ ဇာတ်လမ်းရုပ်ရှင်တို ၊ မှတ်တမ်းရုပ်ရှင်နှင့် ကာတွန်းရုပ်ရှင် ပြိုင်ပွဲများအား အသက် ၃၅ နှစ်အောက် မြန်မာ့ရုပ်ရှင်ကိုစိတ်ဝင်စားသူ၊ ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

၂။ ပြိုင်ပွဲဝင်အကြောင်းအရာမှာ ရုပ်ရှင်ဖန်တီးမှုနှင့်နှီးနွယ်သော အဖြစ်အပျက်များနှင့် စပ်လျဉ်းသည့် အပြုသဘောဆောင်သော တင်ပြမှုမျိုးဖြစ်ရမည်။

၃။ ဇာတ်လမ်းကြာမြင့်ချိန် ၁ မိနစ်မှ မိနစ် ၂၀ အတွင်းဖြစ်ရမည်။ သတ်မှတ်ချက်နှင့်မကိုက်ညီပါက ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၄။ ရုပ်သံအရည်အသွေး Full HD Quality အဆင့်မီရမည်ဖြစ်ပြီး ကင်မရာအမျိုးအစား သတ်မှတ်ထားခြင်းမရှိပါ။

၅။ ယှဉ်ပြိုင်သောဇာတ်လမ်းသည် မိမိကိုယ်တိုင်ဖန်တီးထုတ်လုပ်ထားသည့် ဇာတ်လမ်းဖြစ်ကြောင်း ဝန်ခံချက်ပါရှိရမည်။ ဇာတ်လမ်းပါ အရုပ်များ၊ အသံများ၊ နောက်ခံတေးဂီတများနှင့်ပတ်သက်၍ ဖန်တီးသူမှ တာဝန်ယူရမည်။

၆။ အခြားရုပ်ရှင်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူ​း​သော ( သို့မဟုတ်) ဆုရရှိဖူးသောဇာတ်ကားများ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။ ဆုချီးမြှင့်ပြီးနောက်ပိုင်း စိစစ်တွေ့ရှိပါက ဆုကိုပြန်လည်ရုပ်သိမ်းပါမည်။

၇။ ရုပ်ရှင်ဇာတ်ကားများပေးပို့ရာတွင် ပါဝင်ယှဉ်ပြိုင်သူ၏ အမည်၊ အဘအမည်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ ပညာအရည်အချင်း၊ ဆက်သွယ်ရမည့်လိပ်စာ၊ အနုပညာလှုပ်ရှားမှု ( သို့ ) အနုပညာနှင့်ပတ်သက်သော ဝါသနာတို့​ကို​ဖော်ပြပြီး ရုပ်ရှင်ဇာတ်ကား၏ Full HD Format Video File အား ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ( Film Development Centre- FDC) Facebook Page သို့ ၁၅-၉-၂၀၂၀ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ပေးပို့ရမည်။

၈။ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပရိတ်သတ်အကြိုက်ဆုံးဆု ချီးမြှင့်သွားမည်။

၉။ ဆုရရှိသူများစာရင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ Myanmar Film 100 Years Facebook Page – National University of Arts and Culture – Yangon ( NUAC- Ygn) Facebook Page၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ( Film Development Centre – FDC) Facebook Page တို့တွင် ကြေညာပေးထားမည်ဖြစ်သည်။

မြန်မာနိုင်ငံရုပ်ရှင်မှတ်တမ်း သမိုင်းအထောက်အထားအရ မြန်မာနိုင်ငံမှာ ပထမဆုံးပြသခဲ့တဲ့ ဇာတ်လမ်းရုပ်ရှင်မှာ မေတ္တာနှင့်အသူရာဇာတ်လမ်းဖြစ်ပြီး အဲဒီဇာတ်လမ်းကို ၁၉၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၁၃ ရက်မှာ ယခုအောင်ဆန်းကွင်းနေရာရှိ ရွိုင်ရယ်စီနီမာ ရုံမှာ စတင်ပြသခဲ့တာဖြစ်ပြီး ယခု ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်မှာ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်မြောက်ပြီဖြစ်ပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img