bnr_tob_1

2020.07.13LIFE&TREND

ထိမ်းမြား မင်္ဂလာ (၁၀)ပါး

ချစ်သူစုံတွဲများအတွက် လက်ထပ်ထိမ်းမြားတဲ့အခါ ဘယ်လိုလက်ထပ်ထိမ်းမြားမလဲဆိုတဲ့ စကားဟာ မင်္ဂလာစုံတွဲ တိုင်းကြုံတွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာ၌လည်း မင်္ဂလာလက်ထပ်ပွဲများကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပလေ့ရှိပါတယ်။ မြန်မာဓလေ့ ထုံးစံများတွင်လည်း မင်္ဂလာ(၁၀)ပါးရှိပါတယ်။ ထိုမင်္ဂလာ(၁၀)ပါးကို ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပုဆိုးတန်းတင် ထိမ်းမြားခြင်း

သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှက် ဖိတ်ထားသောပရိသတ်များ စားသောက်ပြီး ပြန်သွားကြမှ သတို့သမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတို့သား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။

၂။ လက်စုံစား ထိမ်းမြားခြင်း

ထမင်း သို့မဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးတို့က လက်စုံစားစေ၍ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည်။

၃။ လက်စွပ်လဲ၍ ထိမ်းမြားခြင်း

သတို့သား ဝတ်ဆင်သော လက်စွပ်ကို သတို့သမီးအား ဝတ်ဆင်ပေးခြင်း၊ သတို့သမီး ဝတ်ထားသော လက်စွပ်ကို သတို့သားအား ဝတ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၄။ အဝတ်ပေး၍ ထိမ်းမြားခြင်း

သတို့သားက သတို့သမီးအိမ်သို့ လာသည့်အခါ သတို့သမီး၏ မိဘများက ကြိုတင်ဝယ်ပေးထားသည့် အဝတ်ပုဆိုးအသစ် လဲလှယ်ဝတ်ပေးခြင်းကို အဝတ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၅။ လက်ထပ်ထိမ်းမြားခြင်း

သတို့သမီးလက်ယာလက်ကို ဖြန့်ထား၍ သတို့သားလက်ယာဘက်ကို အပေါ်တင်စေကာ ဘိသိက်ဆရာက ဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထားသကဲ့သို တူနှစ်ကိုယ် တစ်စိတ်တစ်ဝမ်းတည်းဟု ပရိသတ်အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ်ထိမ်းမြားခြင်း ဟုခေါ်သည်။

၆။ ဒါလီဖွဲ့၍ ထိမ်းမြားခြင်း

ဖြန့်လိုက်လျှင်နှစ်ဦးစလုံး ဦးခေါင်းဝင်ဆံ့လောက်သည့် လေးတောင်ခန့်ရှိသော ရွှေဆွဲကြိုးကို ပန်းကုံးသဖွယ်ပြုလုပ်၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၇။ စုလျားရစ်ပတ် ထိမ်းမြားခြင်း

အလျား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသော စုလျားတဘက်အား သတို့သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ်သည်။

၈။ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း

သတို့သား နှင့် သတို့သမီး အပြန်အလှန် ပန်းကုံးစွပ်၍ ထိမ်းမြားခြင်းကို ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၉။ ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း

ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ်ဝက်ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာလက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲတပြား တသားတည်းနေ သတို့သား၊ သတို့သမီးတို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟုဆို၍ လက်ချထိမ်းမြား ခြင်းကို ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၁၀။ ရေစင်သွန်း၍ ထိမ်းမြားခြင်

ရွှေခွက်၊ ငွေခွက်၊ ဖန်ခွက် စသည့် နဝရတ် ကိုးပါး၊ နံ့သာမျိုးငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ဦးခေါင်းထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ်ထိမ်းမြားခြင်းကို ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

လက်ထပ် မင်္ဂလာပွဲ ပြုလုပ်မည့် သတို့သားသတို့သမီးများအတွက် မည်ကဲ့သို့ ပြုလုပ်မည်ကို စဉ်းစားဆုံးဖြတ်နိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။

By: Zaw Gyi

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img